Saturday, November 5, 2016

ပေးပို့ထားတဲ့ message ကို တစ်ဖက်လူ မဖတ်ခင် ပြန်ရုတ်သိမ်းနိုင်ပြီ


ပေးပို့ထားတဲ့ message ကို တစ်ဖက်လူ မဖတ်ခင် ပြန်ရုတ်သိမ်းနိုင်ပြီ



ကိုယ့်ပို့မိလိုက်တဲ့ message တွေကို တစ်ဖက်လူ မဖတ်ခင် ပြန်ဖျက်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ App အသစ်တစ်ခုဖြစ်တဲ့ Privates က သုံးစွဲသူတွေကို message တွေ ပြန်ခေါ်လို့ ရစေပါတယ်။

အဲ့ဒီ message ပြန်ရုတ်သိမ်းတဲ့ function ဟာ လက်ခံရရှိသူ ဖွင့်မဖတ်မချင်း ရနိုင်ပါတယ်။ App ဟာ Dr Isaac Datikashvili ဆိုသူရဲ့ ပင်ကိုတီထွင်မှု ဖြစ်ပါတယ်။ ဒါကို Private သို့မဟုတ် Keep Your Messaging Private လို့ ခေါ်ပါတယ်။

လောလောဆယ်မှာတော့ Privates ဟာ Apple ရဲ့ iOS မှာသာ ရနိုင်ပေမယ့် Windows နဲ့ Android ဗားရှင်းတွေအတွက်လည်း လုပ်ဆောင်လျက်ရှိနေကြောင်း မျှော်လင့်ထားပါတယ်။ ယင်း app က သုံးစွဲသူတွေကို Mild၊ Wild နဲ့ Insane ဆိုတဲ့ လုံခြုံရေး အဆင့် (၃) ဆင့် ရွေးချယ်စေပြီး message ကို မဖတ်မချင်း ဖျက်ပေးပါတယ်။

လက်ခံရရှိသူ message ကြည့်မကြည့် သိစေတဲ့ ရွေးချယ်စရာ function တစ်ခုလည်း ပါဝင်ပါသေးတယ်။

No comments:

Post a Comment