Report နဲ့ ပတ်သက်ပြီး သိသမျှ.
နည်းလမ်းမှန်မှန် တင်မယ်ဆိုရင် ကျနိုင်ပါတယ်လို့ပဲ ဖြေပါမယ်။
ဘာကြောင့်ကျနိုင်တာလဲ။ ဘယ်လိုတင်ရင် ကျနိုင်မလဲ? အောက်ရောက်မှဆက်ရှင်းမယ်နော်။ ခု report ဘာလို့ မကျလဲ ကို အရင်ပြောရအောင်။
(၁) Account and Page ၏ သက်တမ်းကြာရှည်ခြင်း (အကောင့်ဖွင့်ထားတာ နှစ်အနည်းငယ် (သို့) လအနည်းငယ်)
(၂) Like အရေအတွက်များနေခြင်း
(၃) report တင်သူများရဲ့ နည်းလမ်းမှားယွင်းမှုကြောင့် security ပိုမို ခိုင်မာပြီး report မကျခြင်း
(၁) Account and Page ၏ သက်တမ်းကြာရှည်ခြင်းကို report တင်မယ့် account or page ၏ ဖွင့်ထားသော သက်တမ်းပေါ်မူပြီး report ချက်ချင်းမကျနိုင်ပါ။
(လုံးဝမကျဘူးတော့မဟုတ်ဘူး နည်းလမ်းမှန်မှန်နဲ့တင်မယ်ဆိုရင်တော့ ကျကို ကျပါတယ်)
(၂)Like အရေအတွက်များနေခြင်းဒါကတော့ နားလည်လွယ်ပါတယ် like 100 page နဲ့ like 1000 page report ကျတာခြင်း ကွာပါတယ်။ report တင်သူဦးရေကနည်းလွန်းနေရင် မကျနိုင်ပါဘူး။ (ဒီလို page တွေကျဖို့ကတော့ လူအင်အား များများနဲ့ အားလုံး စည်းလုံးညီညွတ်ပြီး မှန်မှန်ကန်ကန် report တင်မယ်ဆိုရင်တော့ ကျကို ကျနိုင်ပါတယ်။
(၃) report တင်သူများရဲ့ နည်းလမ်းမှားယွင်းမှုကြောင့် security ပိုမို ခိုင်မာပြီး report မကျခြင်း။
မှားယွင်းသော နည်းလမ်းများ
* report ကျလိုသော ဆန္ဒများလွန်းနေသောကြောင့် ip တခုတည်းမှ ၄င်း page အား Sexually ဖြင့် ၄င်း hate speed ဖြင့် ၄င်း တစ်ခုထက်ပို၍ တင်မိခြင်း၊
* report တင်သူများ စည်းလုံးမှုမရှိပဲ နည်းလမ်း မတူညီပဲ တင်မိခြင်း၊ (ဥပမာ တယောက်က sexually ဖြင့် တင်တယ်၊ တယောက်က hate speed ဖြင့် တင်တယ်၊ တယောက်က Violence or harmful behaviour နဲ့တင်တယ် အဲလိုအမျိုးမျိုးတင်ခြင်းကလဲ report မကျဖို့ အားပေးခြင်းပါ။
* နောက်တခုက Hate Speed နဲ့ တင်တာခြင်းတူပြီး တယောက်က Target a Race or Ethnicity နဲ့ တင်တယ်၊ တယောက်က Target a religious group နဲ့တင်မယ် ဆိုရင်လဲ ကျဖို့အတွက် ပိုမို ကြန့်ကြာပါတယ်။
ဘယ်လိုအရာတွေကို report တင်သင့်လဲ?
(၁) ဘာသာရေး၊ လူမျိုးရေး စော်ကားသော Page များအား report တင်သင့်ပါသည်။ ဒီနေရာမှာ တခုပြောချင်တာက ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်ပြီး မည်သည့်ဘာသာဆို တင်သင့်ပါသည်။ ကိုယ့်ဘာသာကို စော်ကားတာ မကြိုက်သလို သူတစ်ပါး ဘာသာကိုလဲ စော်ကားဖို့ မသင့်ပါဘူးလို့ မြင်ပါတယ်။ (ကျွန်မခံယူချက်ပါ) သဘောကွဲလွဲနိုင်ပါတယ်။
(၂) Sex နဲ့ ပတ်သက်ပြီး စိတ်ဓာတ်အောက်တန်းကျစွာ ယုတ်မာကောက်ကျစ်သော page များတွင် မြန်မာ အမျိုးကောင်းသမီးများ၏ ဓာတ်ပုံများကို အသုံးချနေမှု၊ နောက်တခုက လမ်းသွားလမ်းလာ အမျိုးကောင်းသမီးများအား စိတ်ဓာတ်ညံ့ဖျင်းစွာ၊ နှမချင်းမစာနာပဲ အနောက်ပိုင်းများအား ဓာတ်ပုံရိုက်မှုများအား တင်သော page များ။ ဒီလို page များအား report တင်သင့်ပါတယ်။ လူတွေမှာ သဘာဝအလျောက်ဖြစ်လာတဲ့ ခံစားချက်ကို အပြစ်မပြောလိုပါ၊ ဒါပေမယ့် နှမချင်းမစာနာတဲ့ page အားလုံးအတွက် report တင်သင့်တယ်လို့ မှတ်ယူပါတယ်။
အများအားနဲ့ ၀ိုင်းရှင်းမယ်
ဒီနေရာမှာ တစ်ခုပြောချင်တာက မြန်မာနိုင်ငံမှာ နည်းပညာ အဆင့် တိုးတက်လာသည်နှင့်အမျှ လူပေါင်းစုံ အလွှာပေါင်းစုံ နည်းပညာဝန်းကျင်ထဲ ၀င်ရောက်လာကြပါပြီ။ ဒီလိုဝင်ရောက်လာတဲ့အနေအထားမှာ စိတ်ဓာတ်၊ စရိုက်ပေါင်းစုံ ပါဝင်လာပါပြီ၊ မကောင်းတာလုပ်နေတဲ့သူတွေကို ဒီလိုမလုပ်နဲ့ ဟိုလိုမလုပ်နဲ့လို့ ပြောလို့မရနိုင်ဘူး။ ဒီတော့ နည်းပညာအတော်အသင့်နားလည်သူတွေကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထိခိုက်မယ့် အောက်တန်းကျမှုပြဿနာတွေကို ၀ိုင်းဝန်းဖြေရှင်းပေးကြမယ်လို့ ယုံကြည်ပါတယ်။ Online ဆိုပြီး အပြင်မှာ မတွေ့ရဘူး ငါလုပ်ချင်တာလုပ်မယ်ဆိုတာ မရနိုင်ဘူးဆိုတာ ၀ိုင်းပြီး ရှင်းလင်းကြတာပေါ့။
Report ကို နည်းလမ်းတကျ ဘယ်လိုတင်မလဲ?
Report တင်ဖို့ ခေါင်းဆောင်တစ်ဦး ရှိရပါမယ်။ ၄င်း ခေါင်းဆောင်မှ report တင်မယ့် နည်းလမ်းတခုကို ချမှတ်ပြီး ကျန်သော သူများမှ ၄င်း နည်းလမ်းဖြစ်သာ report တင်ရပါမယ်။
ဥပမာ sex page တွေကို sexually နဲ့ သေချာ တင်ရပါတယ်။ ဒီနေရာမှာပြောချင်တာ တစ်ခုရှိပါတယ်။ *report တင်မယ့် page ကို like မလုပ်မိစေနဲ့။ မြန်မြန်ကျစေလိုသော ဆန္ဒနဲ့ report ကို နည်းလမ်း(၁)မျိုးထက်ပိုပြီး မတင်မိစေနဲ့။
မမိုးတင်ဖူးသလောက် ကျခဲ့တဲ့ page တွေပေါ်မူတည်ပြီး ရှင်းပြပေးပါမယ်။ လူမျိုးရေး ဘာသာရေး page တွေကိုတော့ hate speed နဲ့ တင်ရပါမယ်။ ဒါတွေက မမိုးအမြင်ပါ၊ တကယ်လဲ ကျခဲ့တဲ့ နည်းတွေပါ။ ဒါကြောင့် report တင်မယ်ဆိုရင် နည်းလမ်းတခုတည်းကို သေချာ ရွေးချယ်ပြီး စုပေါင်းပြီး တင်ရင် ကျနိုင်ပါတယ်။ sex page တွေမှာ ကိုယ့်မြန်မာ အမျိုးကောင်းသမီးတွေပုံတွေကို တင်ရင် report တင်ပါမယ်ဆိုပါတော့၊ ဒါဆိုရင် report တင်မယ့်သူအားလုံး တညီတညွတ်တည်း sexually နဲ့သာ တင်ကြပေါ့။ လူမျိုးရေး၊ ဘာသာရေး page တွေ အစွန်းရောက်နေရင်တော့ hate speed နဲ့ တင်နိုင်ပါတယ်။ အောက်မှာ haet speed နဲ့ပတ်သက်တဲ့ facebook standard အချို့ကို ရေးပေးလိုက်ပါတယ်။
Hate Speed (မုန်းတီးခြင်း ရိုင်းစိုင်းခြင်းနှင့်ပတ်သက်သော အကြောင်းအရာ)
*Target a Race or Ethnicity (လူမျိုး၊ လူမျိုးစုတစ်စုအား ဦးတည်ခြင်း)
*Target a religious group (ဘာသာတခုအား ဦးတည်ခြင်း)
*Targets based on gender or orientation (ယောက်ျားဖြစ်မှု၊ မိန်းမဖြစ်မှုအား ဦးတည်ခြင်း)
*Targets people with disability or disease (မသန်စွမ်းသူ၊ ဝေဒနာရှင်များအား ဦးတည်ခြင်း)
facebook မှာ သတ်မှတ်ထားတဲ့ standard တွေ ရှိပြီးသားပါ။ ခု မမိုးပေးထားတဲ့ Facebook Standard နဲ့အညီ စုပေါင်းပြီး တစ်ညီတစ်ညွတ်တည်း report တင်မယ်ဆိုရင် တကယ်ကို ကျနိုင်ပါကြောင်း ပုံတွေမှာ ကြည့်နိုင်ပါတယ်။
ဒါက report ကျ မကျ စစ်ဆေးဖို့ စာမျက်နှာလေးပါ။
www.facebook.com/support
ဒါကတော့ စုပေါင်းပြီး နည်းစနစ် မှန်ကန်စွာနဲ့ report တင်ဖို့အတွက် ထောင်ထာားတဲ့ page လေးပါ။
ဘယ်သူထောင်ထားတယ်တော့ မသိပါဘူး။ ဒီpage မှာပဲ report တင်သင့်တဲ့ Page, Account တွေကို အချက်အလက်အပြည့်အစုံနဲ့ သတင်းပို့ပြီး စုပေါင်းပြီး နည်းလမ်းမှန်ကန်စွာ report တင်ကြဖို့ မျှော်လင့်ပါတယ်။
https://www.facebook.com/pageofreporters
ဒါကတော့ မကြီး Moe Sat Tin Lay ရဲ့ report တင်နည်း စာအုပ်လေးပါ
http://www.mediafire.com/view/38ei5t1v72v70zn/Report_ááá¹âá»ááá¹âá¸_M.S.T.L.pdf
Facebook ပေါ်က အမှိုက်တွေကို စုပေါင်းပြီး ရှင်းကြတာပေါ့။
မိုး(နည်းပညာများ)
REFRENCE : https://www.facebook.com/communitystandards
credit ဆရာမ မိုးစပါယ် ထံမှ တဆင့်ကူယူပါသည်။
No comments:
Post a Comment